Saturday, July 21, 2007
ကျွန်တော် နှင့် ကျွန်တော့်အကြောင်း
ကျွန်တော်ကတော့ ရွာငယ်လေးတစ်ရွာ(မန္တလေးတိုင်း - မတ္တရာမြို့နယ် - စိန်ပန်းကုံးရွာ) မှာ မွေး ဖွားပြီး..သူယ်တန်းမှ လေးတန်းထိ ရွာမှာရှိတဲ့မူလတန်းကျောင်းမှာ သင်ကြားခဲ့ရပါတယ်။ ငါးတန်းမှ ရှစ်တန်းထိကိုတော့် တခြားရွာမှာရှိတဲ့ အလယ်တန်းကျောင်းမှာသင်ခဲ့ရပါတယ်။ ၉ တန်း နဲ့ ၁၀ တန်းကိုတော် မတ္တရာမြို့ မှာရှိတဲ့ အထက်တန်းကျောင်း မှာသင်ခဲ့ရပါတယ်။ ၁၀ တန်းအောင်လို့ မန္တလေးကိုရောက်ခဲ့ပါတယ် (၂၀၀၀ ခုနစ်)။ မန္တလေးကို ရောက်ပြီဆိုရင်ပဲကျွန်တော့် အဖေက ကြိုက် ရာသင်တန်းတက် ပေါ့။ ဒါနဲ့ ကျွန်တော်လဲ သူများကွန်ပျူတာ တာနဲ့ ကွန်ပျူတာပေါ့ တက်ခဲ့ပါတယ်(At MCC Mandalay 37st), ICT Level I, ICT Level II ပေါ့။ ပြီးမှ တခြားသင်တန်းတွေကိုဆက်တက်ခဲ့ပါတယ်။ အခုတော့ MCC Mandalay YaDaNaBon မှာဆက်လက် ပညာဆည်းပူနေပါတယ်။ အခုတော့တော်တော်လေး တီးမိခေါက်မိ ပြီ။ ကျွန်တော်က Programming ကိုစိတ်ဝင်စားတယ်။ ဒါကြောင့် ဆရာ စစ်ကိုင်း ဆီမှာ VB,VB.Net Programming ကို လေ့လာခဲ့ပါတယ်။ အခုတော့ဆရာ မျိုးအောင်ဆီမှာ Blog ကိုသင်ယူနေပါတယ်။
Saturday, March 24, 2007
Blog ရေးချင်သော ကျွန်တော့အကြောင်း
ကျွန်တော်ကတော့ New Blogger တစ်ယောက်ပါ
ကျွန်တော်က အခုမှ စ ပြီး Blog လုပ်တာ ဆိုတော့
လိုတာရှိရင် သင်ပေးကြပါအုံး။ Blog ဆိုတာတယ်တော့
ပညာရပ် တစ်ခုလို့ ကျွန်တော် ယူဆလို့ အခု Blog ရေးတော့မယ်။
Blog ရေးရင်းနဲ့ Website တွေအကြောင်း Web Page တွေအကြောင်းကို
လေ့လာသလိုဖြစ်သွားမယ်။ အခုခေတ်မှာ ထိုင်နေလို့မပြီးတော့်ဘူး။
အဲ... ထသွားလျှင်လဲ အကျိုးဖြစ်နေမှာကြောက်ရသေးတယ်။

Subscribe to:
Posts (Atom)